moethgyar community club
Would you like to react to this message? Create an account in a few clicks or log in to continue.


ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeLatest imagesSearchRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
အချစ်ဆိုတာ... I_icon_minitimeFri Jul 08, 2011 12:46 am by manawphyulay

May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  
CalendarCalendar

 

 အချစ်ဆိုတာ...

Go down 
4 posters
AuthorMessage
beautycheaser
Profession
Profession
beautycheaser


Number of posts : 15
Registration date : 2008-10-21

အချစ်ဆိုတာ... Empty
PostSubject: အချစ်ဆိုတာ...   အချစ်ဆိုတာ... I_icon_minitimeTue Nov 04, 2008 9:03 am

အချစ်ကို ဒီလိုနားလည်ထားပါတယ်

အချစ်ဆိုတာ... 11807111

သိပ်တော့နားမလည်ဘူးဗျာ.. တစ်ချို့ က အချစ်ဆိုတာ"ပေးဆပ်ခြင်း"တဲ့ တစ်ချို့ ကြတော့လည်း တစ်ကယ်ချစ်ရင် "ရယူခြင်း" ဆိုတာ အမှန်တရားပဲတဲ့... "အချစ် နဲ့ စစ်မှာ မတရားတာမရှိဘူး" တာလည်းရှိသေးတယ်... ကျွန်တော့်အလိုအရတော့ အချစ် နှင့် စစ် ကိုတန်းတူမယူဆချင်ဘူး... အချစ်ဆိုတာ မမြင်ရ ကိုင်တွယ်လို့ မရပေမယ့် နူးညံ့နွေးထွေးမှု ရှိတယ်လို့ ခံစားမိတယ်... စစ်ဆိုတာကတော့ သိကြတဲ့အတိုင်းပဲ ခါးသီးစက်ဆုပ်ဖို့  ကောင်းပါတယ်.... တရားတယ် မတရားဘူး ဆိုတာကရော ဘာနဲ့  တိုင်းတာမှာလဲ..? တစ်ခြားသူကို ဥပေက္ခာပြုပြီး မိမိဆန္ဒ တစ်ခုနဲ့ ပဲဆုံးဖြက်မှာလား..?
(စာကြွင်း။ ။ အချစ် နဲ့  စစ်၊ အပူ နဲ့ အအေး ဆန့် ကျင်ဘက်နှစ်ခုကို ပေါင်းစပ်ထားတာကတော့ အနုပညာမြောက်လှပါတယ်)

ကျွန်တော့်အတွက် အချစ်ဆိုတာ "ရယူခြင်း" လဲမဟုတ်ဘူး "ပေးဆပ်ခြင်း" လဲမဟုတ်ပါဘူး ကိုယ်ကတစ်ကယ် ချစ်မိပြီဆိုရင် ချစ်သူပြုံးနေတာ ပျော်နေတာ ကိုမြင်ရရင်ပဲ ကျေနပ်နေတာပါ... "အချစ်ဆိုတာ အပြန်အလှန်နားလည်ခြင်း နဲ့  လိုနေတဲ့ကွပ်လပ်တွေကိုဖြည့်နိုင်အောင်ကြီုးစားခြင်း" လို့ ပဲခံယူမိပါတယ်...
အခြားလူတွေအတွက် မှားချင်မှားနိုင်ပါတယ် ဒါကတော့ဖြတ်သန်းလာကြရတဲ့ အခြေနေတွေကမှ မတူနိုင်ကြတာပဲ....

ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့  သဘောထားလေးတွေလဲသိချင်ပါသေးတယ်ဗျာ...... တစ်ယောက် နဲ့ တစ်ယောက်ရင်ဘက်ချင်း တူသွားခဲ့ရင်တော့........
Back to top Go down
Apollo
Beginner
Beginner
Apollo


Number of posts : 5
Location : Southern S'pore
Registration date : 2008-10-20

အချစ်ဆိုတာ... Empty
PostSubject: All About Love   အချစ်ဆိုတာ... I_icon_minitimeSun Nov 09, 2008 10:55 am

ခေါင်း စဉ် ကောင်း သ လို ..ဆွေးနွေး ရ မယ်. အ ကြောင်း အ ရာ ကျယ် ပြန်.ပါ တယ်၊

လူ တိုင်းမှာ လည်း အချစ် နဲ. ပတ် သက် လို. Feelings , emotions , anger, sadness and compensation..etc...etc..

ရှိ ကြ မှာ ပါ .......... ဖြည်းဖြည်း ရေး မယ် ဗျာ......................................
Back to top Go down
Admin
Admin
Admin
Admin


Number of posts : 65
Age : 48
Location : Singapore
Registration date : 2008-10-18

အချစ်ဆိုတာ... Empty
PostSubject: Re: အချစ်ဆိုတာ...   အချစ်ဆိုတာ... I_icon_minitimeWed Nov 12, 2008 7:22 pm

အချစ်ကို ဒီလို အဓိပ္ပါယ် ဖွင့်ချင်တယ်ဗျာ...

L - Longing (ကာလကြာရှည်စွာ တည်မြဲခြင်း)

O- Obsessive (တစ်ဦးအပေါ် တစ်ဦးစွဲမြဲခြင်း)

V- Virtuous (အပြန်အလှန် သစ္စာ သမာဓိထားခြင်း)

E- Exciting (အစဉ်အမြဲ မရိုးနိုင်အောင် စိတ်လှုပ်ရှားရင်ခုန်ခြင်း)

ဒါကြောင့် အချစ်ဆိုတာ အချိန်အကြာကြီး တစ်ယောက်ဆို တစ်ယောက် စွဲစွဲမြဲမြဲ သစ္စာထားပြီး သူ့ ကိုမြင်တွေ့ တိုင်း ရင်ခုန်ရခြင်း လို့  အနှစ်ချုပ်ပါရစေ...

အချစ်ရဲ့  အဓိပ္ပါယ်ကတော့ မည်သူမျှပြီးပြည့်စုံအောင် ဖွင့်ဆိုနိုင်မယ်လို့ မထင်ဘူးဗျာ.....
Back to top Go down
https://moethagyar.forumotion.com
khine




Number of posts : 1
Age : 49
Location : singapore
Registration date : 2008-11-17

အချစ်ဆိုတာ... Empty
PostSubject: Re: အချစ်ဆိုတာ...   အချစ်ဆိုတာ... I_icon_minitimeTue Nov 18, 2008 12:12 am

အချစ်ဆိုတာ... Love10
အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မူ မရှိပါဘူး။

(၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင်ခေါင်းကိုငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပယ်လည်းလို့ ငါ့
ကိုမေးခဲ့တယ်။

(၁၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး
နင်ပြုံးနေခဲ့တယ်။

(၂၀)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါပျောက်ကွယ်သွားမှာကို စိုးတဲ့အလား ငါ့လက်
မောင်းကို နင်တင်းတင်းလေး ဖက်ထားတယ်။

(၂၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်...ထပါတော့ လူပျင်း
လေးရယ်"လို့ ချစ်စနိုးနဲ့ နင်ပြောခဲ့တယ်။

(၃၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
"တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေကိုလည်း ၀ယ်ခဲ့ဖို့
မမေ့နဲ့" လို့ နင်ရယ်ပြီး ပြောခဲ့တယ်။

(၄၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး"
လို့ နင်စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
သိုးမွှေးချည်ကို ထိုးရင်း "တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစော သေစေချင်
နေတယ် မဟုတ်လား"လို့ ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး..မြေးတွေတောင် ကြီးနေပြီ အပြော
ကမက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ခုန်ပေါ်မှာ တူတူထိုင်ပြီး လွန်ခဲ့တဲ့
အနှစ်၅၀က ဓာတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့ လက်ကို ငါ
ဆုတ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။ အကြင်နာတွေ ပြည့်နေတဲ့ မျက်
လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်
နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
နင် လှဲလျောင်းနေတယ်....ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်း နင်ပြောခဲ့တယ်
"ငါ.....နင့်....ကို...ချစ်...တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။


အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုတယ်။
Back to top Go down
Sponsored content





အချစ်ဆိုတာ... Empty
PostSubject: Re: အချစ်ဆိုတာ...   အချစ်ဆိုတာ... I_icon_minitime

Back to top Go down
 
အချစ်ဆိုတာ...
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: L- O- V- E :: အချစ်ဆိုသည်မှာ....-
Jump to: