LPR နဲ့ပတ်သက်လို့ မြန်မာအတော်များများ မသိကြသေးပါဘူး
LPR က EPEC လိုပဲ 1 year Long Term Social Visit Pass (LTSVP) ပေးပါတယ်
လက်ရှိ'စ'လုံးမှာ အလုပ်နေတဲ့သူတင်လို့မရပါဘူး
ပိုထုးခြားတာက LPR က apply လုပ်ရင် Service Agent ကပဲတင်လို့ရတာပါ
Application Process ကာလက အနဲဆုံး ၆ လကြာပါတယ်
Processing ကာလမှာ Social Visit Pass ကိုသက်တမ်းတိုးနေလို့ရတယ်
Applicant က အိမ်ထောင်သည်ဆို ဇနီးပါ apply လုပ်လို့ရပါတယ်
ကလေးအတွက်တော့ ၂၁နစ်အောက်ပါ
Application fee က စလုံး ၁၀၀၀ ဒါက LPR Application fee သက်သက်ပါ
LTSVP အတွက် စလုံး ၇၀ နဲ့ Medical Check up စလုံး ၄၀++ (၁ ယောက်စာ) အတွက်ကုန်ဦးမှာ
EPEC က Ministry of Manpower (MOM) မှ Free လျှောက်ခွင့်ပေးထားတာပါ
အသေးစိတ်ကို အောက်မှာကြည့်ပါ
Application for LPR in Singapore
၁ အကြောင်းအရာ
- အချိန်ပြည့်အလုပ်မဲ့သူများ
- မိသားစုလိုက် ပြောင်းရွှေ့ နေထိုင်သူများ အတွက် လျှောက်ခွင့်ပြုထားတဲ့ဟာပါ application approved ဖြစ်ရင် in-principle approval ကိုရမှာဖြစ်ပါတယ် စလုံးမှာနေထိုင်ဘို့အချိန် ၁ နှစ်ပေးပြီး ဒီအတွင်းအလုပ်ရပါက PR ပြန်လျှောက်ရမှာပါ။ (ဒီအခွင့်အရေးဟာ အစိုးရကျောင်းတွေမှာ ကျောင်းပြီးတဲ့သူတွေနဲ့အတူတူဖြစ်ပါတယ်။ အလုပ်ရှာတဲ့အခါ ကျတော်တို့ကြုံတွေ့နေရတဲ့ Singaporean and SPR only ကို ဂရုစိုက်စရာမလိုတော့ပါဘူး။ စကားချပ်။ ။ယခုအခါ poly ကျောင်းဆင်းများကို in-principle approval ကိုထုတ်မပေးတော့ကြောင်းကြားသိရပါတယ်၊ S Pass ပဲပေးပြီး ၆ လပြည့်မှ PR လျှောက်လို့ရတယ်လို့သိရပါတယ်)
၂ အကျုံးဝင်သူများ
- အသက် ၄၅ နှစ်အောက်
- လက်ရှိ စလုံးတွင် အလုပ်မလုပ်တဲ့သူ
- holder of tertiary qualification or have other outstanding merits
၃ မှီခိုသူများ
အမျိုးသားလျှောက်ထားသူဟာ သူ့မိသားစုဝင်တွေဖြစ်တဲ့ ဇနီး နှင့် အသက် ၂၁ အောက်သားသမီးတွေပါ လျှောက်ထားခွင့်ရှိပါတယ်။ အမျိုးသမီးလျှောက်ထားသူဆိုရင် သူ့ ၂၁နှစ်အောက်သားသမီးကိုလျှောက်ထားခွင့်ရှိပေမဲ့ အမျိုးသားကတော့ လျှောက်ထားခွင့်မရှိပါဘူး။
၎ လျှောက်ထားခြင်း
ှSingapore Management Consultants (SMC) ကတဆင့်လျှောက်ထားရမှာဖြစ်ပါတယ်။ ကိုယ်တိုင် ICA မှာလျှောက်ထားခွင့်မပြုပါဘူး။
၅ National Service Liability
Under the enlistment act, all male citizens and permanent resident(PRs) reaching 16.5 years old are liable for National service (NS). They are required to serve 2 years of full-time National Service(NSF). followed by a maximum 40 days of Operationally ready National Service per year till the age of 50 years (for officer) or 40 years (for other ranks). Main applicants who are granted PR status under the first generation Landed Permanent Resident Scheme are exempted from NS. Male children whit are granted PR status under their parents' application are liable for NS upon reaching 16.5 years old. Male ex-Singapore citizens and ex-Singapore permanent who are granted Singapore PR status is liable to be caled up for NS regardless of the type of PR status they are granted. For further inquiries, Please write to:
Central Manpower Base
Depot Road Camp
Depot Road
Singapore 109676
၆ လိုအပ်တဲ့စာရွက်စာတမ်းများ
၆.၁. ဖောင် ၄က (၃) စောင် ( မူရင်း ၁ စောင်၊ မိတ်တူ ၂ စောင်)
- ဖောင် ၄က မှာပါတဲ့ဟာ အားလုံးကိုဖြည့်စွက်ရမှာပါ
- To fill in "NA" or "NIL" in all sections not applicable to the applicant
၆.၂. ၃လအတွင်းရိုက်ထားတဲ့ ၃.၅*၄.၅ စင်တီမီတာ ရှိ ဓာတ်ပုံ ကိုကပ်ရပါမယ်။ တကယ်လို့ မိသားစုပါလျှောက်မယ်ဆို အပိုင်း င စာမျက်နှာ ၆ မှာ အကုန်ကပ်ပေးရပါမယ်။
၆.၃. 1 set of Processing form (အကျယ်နောက်ပိုင်းတွင် ရေးပါမည်)
၆.၄. အောက်ပါစာရွက်များကို မိတ်တူ ၁ စောက်စီတင်ပေးရပါမယ်
လျှောက်ထားသူနှင့် ဇနီး အတွက်
၆.၄.၁ မှတ်ပုံတင်ကပ် (ရှေ့၊နောက်)
၆.၄.၂ နိင်ငံကူးလက်မှတ်( စာမျက်နှာ ၁ ၊ ၂ နဲ့ အခြားကိုယ်ရေးအချက်အလက်များပါတဲ့ စာမျက်နှာတွေပါကူရန်)
၆.၄.၃ မွှေးစာရင်း
၆.၄.၅ ပညာအရည်အချင်း နှင့် အသက်မွှေးဝမ်းကျောင်းလက်မှတ်များ ( ဘွဲ့လက်မှတ်အပြင် အမှတ်စာရင်းပါတွဲတင်ရန်)
၆.၄.၆ လက်ရှိ၊ အရင်လုပ်ခဲ့သော အလုပ်များမှ အလုပ်ရှင်များရဲ့ ထောက်ခံမချက်များ
၆.၄.၇ နောက်ဆုံး ၆ လရဲ့ လစာစာရင်းများ
၆.၄.၈ နောက်ဆုံး ၃ နှစ်ရဲ့ အခွန်ကျေမှတ်တမ်းများ
၆.၄.၉ လက်ထပ်စာချုပ် (တကယ်လို့ ကွာရှင်းထားတယ်ဆိုရင် ကွားရှင်းစာချုပ်၊ သေဆုံးသွားရက် သေဆုံးမှတ်တမ်းတွေလိုအပ်ပါတယ်)
၂၁ နှစ်အောက် ကလေးများအတွက်
၆.၄.၁ မှတ်ပုံတင်ကပ် (ရှေ့၊နောက်)
၆.၄.၂ နိင်ငံကူးလက်မှတ်( စာမျက်နှာ ၁ ၊ ၂ နဲ့ အခြားကိုယ်ရေးအချက်အလက်များပါတဲ့ စာမျက်နှာတွေပါကူရန်)
၆.၄.၃ မွှေးစာရင်း
အထောက်အကူဖြစ်မယ်ထင်တဲ့ စာရွက်စာတမ်းတွေပါ တင်ပေးလို့ရပါတယ်
၆(က) ဘာသာပြန်ခြင်း နှင့် ထောက်ခံခြင်း
အထက်ပါစာရွက်စာတမ်းများဟာ အင်္ဂလိပ်လိုမဟုတ်က ဘာသာပြန်ရမှာဖြစ်ပါတယ်။ ကိုယ်တိုက်ဘာသာပြန်ပေးလို့မရပါ။ ဘာသာပြန်မူရင်းကို တင်ပေးရပါမယ်။ စလုံးမှာ ဘာသာပြန်မယ်ဆိုရင် Singapore Court Interpreter မှာပြန်ရမှာပါ။ တခြားနှိင်ငံမှာဆိုရင်တော့ Registered Translator တွေမှာပြန်လို့ရပါတယ်။
အင်္ဂလိပ်ကို ဘာသာပြန်ထားတဲ့ စာရွက်စာတမ်းများဟာ မှန်ကန်ကြောင်းထောက်ခံချက်ယူရမှာဖြစ်ပါတယ် ကျတော်တို့မြန်မာဆို နိင်ငံရေးဝန်ကြီး ဌာနရဲ့ထောက်ခံမူလိုပါတယ် စလုံးမှာဆိုရင်တော့ Singapore Notary Public သို့မဟုတ် SMC မှာလုပ်လို့ရပါတယ် ၁ စောင်ကို ၅ ကျပ်ကျပါတယ် ကျတော်တို့ မြန်မာသံရုံးကလဲဝန်ဆောင်မူ ကောင်းမွန်းစွာ ၁ စောင် ၈ကျပ်နဲ့ နံနက်လုပ် ညနေရ နေ့တွင်းပြီးလုပ်ပေးနေပါတယ်
အထက်ပါ ဘာသာပြန်ထားတာကို ထောက်ခံချက်နှင့် ဘာသာပြန်မူရင်းပါတွဲတင်ပေါ်ရမှာဖြစ်ပါတယ်