moethgyar community club
Would you like to react to this message? Create an account in a few clicks or log in to continue.


ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeLatest imagesSearchRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeFri Jul 08, 2011 12:46 am by manawphyulay

November 2024
MonTueWedThuFriSatSun
    123
45678910
11121314151617
18192021222324
252627282930 
CalendarCalendar

 

 စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်...

Go down 
AuthorMessage
Admin
Admin
Admin
Admin


Number of posts : 65
Age : 48
Location : Singapore
Registration date : 2008-10-18

စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... Empty
PostSubject: စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်...   စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeMon Nov 17, 2008 7:04 am

စင်ကာပူ မှ မြန်မာများ ဖတ်ကျစေလို၏ ဒီအကြောင်း ရေးပေးပါ ရေးကျပါလို.ပြောတာ ခဏခဏ ရှိလာတော. မရေးလို.မဖြစ်တော.ဘူးလေ။ ကိုယ်တိုင်လဲ
ဒါမျိုးအဖြစ်အပျက်တွေ ဖြစ်ပျက်နေတာ မျက်မြင်ကိုယ်တွေ.ပါပဲ။ အခုတော.အကြောင်းညီညွတ်လို. ဖွင်.ချရတော.မယ်ဗျို.။

အကြောင်းက ဒီလိုဗျ။ စင်ကာပူ မှာအလုပ်လာရှာကြ တဲ. မြန်မာ ဦးရေတိုးပွားလာတာနဲ. အမျှ စလုံးရောက်ခါစ အလုပ်ရှာတဲ. ရွေမြန်မာ တွေ ရဲ. ကနဦး
အလုပ် လစာ များ ထိုးဆင်းသွား လို.ပါပဲ။ ဒါမျိုးဖြစ်အောင် ဘယ်သူလုပ် သလဲ? ကျွန်တော် တို. မြန်မာတွေ ကိုယ်တိုင်ပါပဲ။ အလုပ်ရချင်တော. လစာ တွေ ကိုအနိမ်.ဆုံးဖြစ်အောင် တယောက်နဲ. တယောက် အပြိုင် လျှော.ချကျတယ်။ "ဟာ ဟိုလူက ၁၂၀၀ နဲ. လျှောက်တယ်။ ငါ ၁၀၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်"၊ "ဟာသူလို အင်္ဂလိပ်စာ မွတ်နေတဲ. ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ကောင်တောင် ၁၅၀၀နဲ.လျှောက်တာ ၊ ငါ ၁၂၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်"စသဖြင်.ပေါ.ဗျာ။ အလုပ်ရချင် ၊ မြန်မာပြည် မပြန်ချင်ဇော နဲ. မိမိရထားသောဘွဲ.လတ်မှတ်များ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မူ များ ကို မငဲ.ငြာ၊ မထောက်ထား ပဲ အဲဒီလို. မိမိကိုယ် မိမိ နိမ.်ချနေ ကျတော.။ မိမိ တစ်ယောက်ထဲကိုယ်ပဲ ထိခိုက်တာ မဟုတ်ပဲ။ မြန်မာ ဆိုတဲ. လူမျိုးတခု လုံးကိုထိခိုက်နေလို. ကျွန်တော် အခုလို ၀င်ပြီး ဆွေးနွေးရတာပါ ခင်ဗျာ။

သူငယ်ချင်းတစ်ယောက် အိုင်တီ သမားပါ။ စလုံးရောက် ပထမဦးဆုံး ကုမ္ပဏီမှာ ပဲ လစာ ၁၈၀၀ နဲ. ပြီးခဲ.တဲ. နှစ်က စ အလုပ်လုပ်နေပါတယ်။ သူက လစာပိုရလို.အလုပ် ပြောင်းမယ်ပေါ.။ ဒီတော. သူ.နေရာမှာ အစား ထိုးဖို. လူခေါ်တော့လာလျှောက်ကျပါတယ်။ အဲ.ဒီမှာ သူ က စပ်စုပြီး လာလျှောက်တဲ. မြန်မာကောင်မလေး တစ်ယောက် ကို လစာ ဘယ်လောက်တောင်းလဲ မေးကြီးတော. "သမီး ၁၂၀၀ ပဲတောင်းပါတယ် အစ်မတဲ." ။ ဒါ မြန်မာပြည်က ကွန်ပြူတာ ဘွဲ.ရနော်၊ တခြားနိုင်ငံတာကာ ကွန်ပြူတာ လတ်မှတ်တွေလဲ ပါသေးတယ်။ မြန်မာပြည် က ကွန်ပြူတာဘွဲ.နဲ. ဒီက NUS/ NTU တို.ကရတဲ. ဘွဲ.နဲ. မယှဉ်သာ တာတော. လူတိုင်းနားလည်ပါတယ်လေ။ ဒါပေမယ်. ဒီက ပိုလီ Diploma အဆင်. လစာ ၁၈၀၀ လောက်တော့မဖြစ်သင့်ဘူးလား။

တခါကြားလိုက်သေးတယ် Auto Cad အလုပ် တလ ၉၀၀ နဲ. ရဖို. Agent ဖိုးတောင်၂လစာပေးရတယ်ဆိုပဲနော်။ထိုသူတွေကိုနိမ်.ချပြောမဟုတ်ပါဘူး။
၉၀၀ ဆိုတာစင်ကာပူမှာ တကယ်. လူတစ်ယောက်ရဲ. အသုံးစရိတ် လောက်ရုံလေးပါပဲ။ စင်ကာပူအစိုးရကတောင် သတ်မှတ်ပေးထားတယ်လေ
S Pass တစ်ယောက် ဟာ ဘွဲ.ရ ပြီး လစာ ၁၈၀၀အနည်းဆုံးရမယ်တဲ.။ ဒါ ဟာ ငါတို. ရဲ. ဘွဲ.ကို ၁၈၀၀ တန်သေးတယ် လို.သတ်မှတ်ပေးလိုက်တာပဲ။ ဒါကို ဘာလို. လစာ ၁၈၀၀ ထက်နည်းအောင်မိမိ ဖာသာလျှော.ချနေ ကျဦးမှာလဲ။ အခုဆို စင်ကာပူ မှာ ကုန်ဈေးနုန်းတွေကအရမ်းတက်ပြီလေ။ ချွေတာ စုဆောင်းပြီး သုံးရင်တောင် တလ ကို ၈၀၀-၁၀၀၀ကုန်နေတာ။ ဘာလဲ ကိုယ်ရှာ တာ ကိုယ်သုံးလို.ပဲ ခံယူထားကျသလား။ မြန်မာပြည် ကမိသားစု
တွေကို လှည်.မကြည်.တော့ဘူး။ ငါမြန်မာပြည် မပြန်ရရင် ပြီးတာပဲလား။

စင်ကာပူ က ကုမ္ပဏီ တွေက ပဲ ညစ်နေတာလား? လောလောဆယ် မြန်မာတွေအကြားဖြစ်ပျက်နေတဲ. အဖြစ်အပျက်တခုပေါ.နော်။ သိပြီးသားဖြစ်ပါလိမ်.မယ်။တကယ်.လို. ကုမ္ပဏီက ကိုယ်.ကို ၁၈၀၀ အောက် လစာနဲ. ခန်.လိုက်ရင်အခန့် ခံရတဲ့သူကိုယ်တိုင်က တောင်းတောင်းပန်ပန် နဲ့  ကုမ္ပဏီ ကို သင်ပေးကျပါတယ်။ MOM (အလုပ်သမားရုံး) မှာ S Pass ကို ၁၈၀၀ နဲ. ကျေးဇူးပြုပြီးတင်ပေးပါ။ လစာ ကိုလဲ ၁၈၀၀ နဲ. ပေးပါ။ ပြီးမှ တကယ့်လစာ ကိုပဲ ကျွန်တော်၊ကျွန်မ တို.ယူပြီး ပိုတဲ. ငွေကို ပြန်ပေးပါ.မယ်။ လို. တောင် မသိနားမလည်တဲ့ စလုံး ကုမ္ပဏီ ကို တပတ်ရိုက်နည်း တွေသင်ပေး နေကျတာလဲ ကျွန်တော့်တို့ ရွေမြန်မာတွေ ပဲမဟုတ်လား။

စင်ကာပူမှာ အလုပ်ရှာသူ မြန်မာ များကို ကျွန်တော် အမျိုးအစား ၅ ခု ခွဲပြပါရစေ။
၁။ စင်ကာပူ မှာ မိမိစိတ်ကြိုက် ဘာသာရပ် တက်ပြီး ကျောင်းပြီးလို. အလုပ်ရှာသူများ
၂။ စင်ကာပူမှာ မိမိစိတ်မ၀င်စားသော ရရာ Diploma၊ သင်တန်း တက်ပြီး အလုပ်ရှာနေသူများ
၃။ မြန်မာပြည်မှ ဘွဲ.ရပြီး လုပ်ငန်း ဆိုင်ရာ အတွေ.အကြုံ၇င်.ကျက်သူများ
၎။ မြန်မာပြည်တွင် ဘွဲ.လက်မှတ် တပုံတပင်ရထားပြီး ကိုယ်တိုင်ကလဲ လေ.လာဆည်းပူး လိုစိတ် ထက်သန်သူများ
၅။ မြန်မာပြည်တွင် အပျော်တမ်း ဘွဲ.ရပြီး တကယ် လုပ်ငန်း မကျွမ်းကျင်ပဲ အလုပ်ရလို.ရငြား ဘာလုပ်ရလုပ်ရ ဆိုပြီး ကံလာစမ်းကြ သူများ

နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေဟာ အလုပ်ရှာ ရ တာ လွယ်ကူစေပါတယ်။ ဘာလို.လဲဆိုတော့ သူတို.မှာ က ဦးတည်ချက်၊ အတတ် ပညာ ရှိ တယ်။ သူတို့ မျှော်မှန်းတဲ့ လစာလဲ ကုမ္ပဏီနဲ. ညှိနိုင်းရင်း ရကျ ပါတယ်။ ဒါပေမယ့် အဲ့ဒီ နံပါတ် ၂ နဲ. ၅ က လူတွေရဲ. ရတာလုပ်မယ်၊ ကိုယ်.အကြောင်းကိုယ်သိတော.လျှော.တောင်းမယ် ဆိုတဲ. အတွက် နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေ ကိုပါ အဲ့ဒီဆိုးကျိုးတွေ က ရိုက်ခတ်စေပါတယ်။

ကပ်စီး ကုတ် တွက်ချက် တွက်ကပ် မှ သူဌေးဖြစ်တယ်ဟုတ်? အဲလို အလုပ်ရှင်သူဌေး တယောက် အနေနဲ. ခင်ဗျား ဆုံးဖြတ် ကြည်.ပါ။ မြန်မာ၂ယောက် ရတဲ.ဘွဲ.တွေ ချင်းကလဲတူ။ လျှောက်တဲ.ရာထူးခြင်းကလဲတူ တယောက်က လစာ ၂၀၀၀ တောင်းတယ်။ တယောက်က ၁၂၀၀ တောင်းတယ်။ ကဲ ဘယ်သူ.ကို ပိုအားသန်မလဲစဉ်းစားကြည်.ပါခင်ဗျာ။ ၁၂၀၀ တောင်းတဲ. သူကလဲ အင်တာဗျူးမှာ ပြောမှာပဲ လေကျွန်တော် မကျွမ်းကျင်လဲ အတက်နိုင်ဆုံး ကြိုးစားပါ.မယ်။ နောက်မှ ဖြစ်ချင်ရာဖြစ် ဆိုတဲ. အတွေးနဲ. ပေါ.။ ဒီတော. ထို ၂၀၀၀ တောင်း တဲ.လုပ်ငန်းကျွမ်းကျင် မြန်မာတစ်ယောက် က ဘုံမပျောက် ပေဘူးလား။ နောက်ဆုံးတော. အများနည်းတူ လစာ ကိုလျှော.ချင်ရင်လျှော. ၊ မလျှော.ရင် ရွာပြည် ဖို.ပဲဖြစ်လာကြပါတယ် ခင်ဗျာ။


Last edited by Admin on Mon Nov 17, 2008 7:07 am; edited 2 times in total
Back to top Go down
https://moethagyar.forumotion.com
Admin
Admin
Admin
Admin


Number of posts : 65
Age : 48
Location : Singapore
Registration date : 2008-10-18

စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... Empty
PostSubject: Re: စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်...   စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်... I_icon_minitimeMon Nov 17, 2008 7:05 am

ဒီတော. သူတို. ကုမ္ပဏီ သူငှေး အချင်းချင်း၊ ၀န်းထမ်းအချင်းချင်း ဆက်ဆံတဲ.အခါ မှာ "ဟေ. ငါတို.ကုမ္ပဏီမှာ မြန်မာလေး တယောက် အောက်ကြေးနဲ. ရလို.ခန်.ထားတယ် တန်တယ်။ နင်တို. အလုပ်တွေ ခေါ်ရင်လဲ အဲ.လောက်ပဲ ပေး၊ သူတို.လုပ်ကိုလုပ်တယ်။ " ဆိုတဲ. စကားတွေ ပျံ. သွားမယ် ၊ပျံ.နေတယ် လို.သင်ငြင်း နိုင်မလား။ မြန်မာပြည်မှာ ဆို သေအောင်လုပ်မှ တလ စင်ကာပူဒေါ်လာ ၂၀၀ လောက်တောင် စုမိတာမဟုတ်ဘူး လို.များ ခံယူထားကြသလား၊ မတူဘူးလေ။ ဒါကရေးခြားမြေခြား အိမ်ပစ် ၊မိသားစုပစ်၊ သားပစ် မယားပစ်၊ ရည်း စားပစ် ပြီးစွန်.စားပြီး အလုပ်လာရှာတာလေ။ ဒီတော. အများတန်းတူ ပေါက်ဈေးတော.ရသင်.တာပေါ.။

ကျွန်တော်သူုငယ်ချင်း ပရိုဂရမ်မာ ပေါ.လေ။ ပိုလီ ပြီးပြီးချင်း အလုပ်ရှာတယ်။ ကာလပေါက်ဈေး လစာ ၁၈၀၀ (ညှိနိုင်းနိုင်) နဲ.လျှောက်တာ။
အင်တာဗျူးမှာပဲ သဘောကျပြီး ၂၂၀၀ ပေးမယ် ကြိုးစား ပြီးလုပ်ပေါ. တဲ.။ ဒါကသူကံကောင်းတာလဲ ပါတယ်။ ကုမ္ပဏီကလဲ သမာသမတ် ကျတာလဲ ပါတယ်။ တကယ် လက်ရှိလုပ်နေတဲ. သူတွေ နဲ. တန်းတူပေးရမယ်။ တန်းတူ ရသင်.တယ်။ ကိုယ်က လျှော.ရလို. အချောင် ခိုလို.ရမယ် မထင်ပါနဲ.။ အထုပ်အပိုးပြင်ပြီးရွာပြန်ရလိမ်.မယ်။ တချို.ကလဲ ပြောကျသေးတယ် " ကျွမ်းစရာ မလိုပါဘူးကွာ၊အလုပ်ရမှ အလုပ်ထဲမှာ သင်ပေါ.၊ မေးပေါ.၊ သင်ပေးကျပေါ. ကိုယ်က သူတို.ရဲ.၀န်ထမ်းပဲ ဟာ ဒါက သူတို. တာဝန်ပဲ " ။ စင်ကာပူ က ကုမ္ပဏီ က သင်.ကိုမေတ္တာဖြင်. သင်ပေးဖို. အလုပ်ခန်.တာ မဟုတ်ဘူးလေ။ ခိုင်းဖို.ခန်.တာ။သဲသဲကွဲကွဲ မြင်တက်စေချင်တယ်။

သင်တို.ရဲ. အပူ သောက တွေကို မသိချင်ယောင်ဆောင်ပြီး ပြောနေတာမဟုတ်ဘူးနော်။ ကိုယ်လဲ ဒီဘ၀ ကစ လာတာတော. နားလည်တာပေါ.။ အလုပ်မရခဲ.လျှင်နှစ်ရှည်လများ စုဆောင်းထားတဲ. ငွေ တွေ ဆုံး ၊ စိတ်ကူးယဉ်ထားတဲ. အရာ တွေပျက်စိးမယ်ဆိုတာလေ။
ဒါကြောင်. ဘာလို. စမ်းတ၀ါးဝါး နဲ. စင်ကာပူလာမှာလဲ။ အားလုံး အသေအချာပြင်ဆင်ပြီးမှာ လာစေချင်တယ်လေ။ အင်္ဂလိပ်စာ လဲ လည်လည်ဝယ်ဝယ်
ပြောတက်စေချင်တယ်။ အခုဖြစ်နေတာမှာ မြန်မာတွေ ဆို သိပ် စကားမပြောတဲ.အလုပ်တွေ မှာ စုနေကျတယ်လေ။
"Ya , No, OK, This one, Here, There, Sorry. Bye Bye. Thank you" နဲ.တင် အလုပ်ဖြစ်နေကျတယ်လေ။ ကိုယ်တိုင်ကလဲ အင်္ဂလိပ် စာ မကောင်းခဲ.ပါဘူး။အလုပ်စလုပ်တုန်းကဆို ရုံးက ဖုန်းလာရင် မကိုင်ရဲ လောက်အောင်ကို ဖြစ်တာ။သူတို.ပြောတာ နားမလည် ၊ ကိုယ်ပြောတာ သူတို. နားမလည် မှာလဲ ကြောက်တာပေါ.။


အခုဒီပို.ကိုရေးတာ ကျွန်တော်.ကို ဆရာလုပ်တယ်လို.ထင်ချင်ထင်ပါလိမ်.မယ်။သဘောတူတွေ လဲ ရှိပါလိမ်.မယ်။ နောက်ဆုံးအနေနဲ. ပြောချင်တာက မြန်မာ တွေ ဟာတခြား မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို.နဲ. တန်းတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်တဲ. တဲ. အတွက် သူတို.နဲ. တန်းတူ လစာ ရအောင်ကြိုးစားသင်.တယ်။
အဲ.လိုတန်းတူရအောင် လဲ ထို လူမျိုးများလိုပဲ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ရုံသာမက ပဲ၊ အင်္ဂလိပ် ကို လဲ လည်လည်ပတ်ပတ် ပြောတက်စေချင်တယ်။
စင်ကာပူ မလာခင် ပြင်ဆင်ထားကျ ပေါ.ဗျာ။

အားလုံးအရည်အချင်း ပြည်.ပြည်. နဲ. တန်ရာတန်ကြေး ရစေလို၏။

စိုင်းထွန်း - sharing by MWY


ပေးပို့ သူ ကိုရန်နိုင် အားကျေးဇူပါ....
Back to top Go down
https://moethagyar.forumotion.com
 
စင်ကာပုမှာ ၀ီလို..၀ီလို ဖြစ်တယ်...
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: Job News :: နိုင်ငံတစ်ကာ အလုပ်အကိုင်များအကြောင်း :: စင်ကာပူအလုပ်အကိုင်-
Jump to: