moethgyar community club
Would you like to react to this message? Create an account in a few clicks or log in to continue.


ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeLatest imagesSearchRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Jul 08, 2011 12:46 am by manawphyulay

May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  
CalendarCalendar

 

 G talk virus အသစ်ကို သတ်ကြရအောင်...

Go down 
AuthorMessage
Admin
Admin
Admin
Admin


Number of posts : 65
Age : 48
Location : Singapore
Registration date : 2008-10-18

G talk virus အသစ်ကို သတ်ကြရအောင်... Empty
PostSubject: G talk virus အသစ်ကို သတ်ကြရအောင်...   G talk virus အသစ်ကို သတ်ကြရအောင်... I_icon_minitimeFri Nov 21, 2008 10:28 pm

ကဲ.. လာထားကွာ စပြီးနပမ်းလုံးကြရအောင်ဗျာ သူသေကိုယ်ကတော့ မသေပေါ့ဗျာ.....
စပြီး Virus ကူးခံရပြီဆိုတာနဲ့  G talk နဲ့  Yahoo messenger တွေပိတ်ပစ်လိုက်တော့ဗျာ
စကြရအောင်ဗျို့ 
၁ ။ အရင်ဆုံး hidden folder တွေကို show ပေးရမယ်။ အဲဒီ အတွက် Folder Options သုံးရမယ်။ အဲဒါတွေက အကိုက်ခံရတဲ့အထဲ ပါတယ်လေ။ အောက်က Software လေး သုံးလိုက်မယ်။ အောက်က ပုံကို နှိပ်ပြီး ယူလိုက်ပါ။

G talk virus အသစ်ကို သတ်ကြရအောင်... F_rrtm12


အဲဒါလည်းကို Run လိုက်ရင် မိမိမှာ ငြိနေသမျှ options တွေ black color ဖြစ်နေလိမ့်မယ်။ Check All ကိုနှိပ်။ ပြီးရင် Remove ကိုဆက်နှိပ်။ Exit ပေးလိုက်တော့။ ဒါဆိုရင် အဲဒီ Options အားလုံးပြန်သုံးလို့ရပြီ။

G talk virus အသစ်ကို သတ်ကြရအောင်... F_200810


တကယ်လို့ အကုန်မဖျတ်မိပဲ အဲဒီ ဖိုင်ကို D-Click နဲ့ ထပ် run မိရင် ဗိုင်းရပ် ပြန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ် အတိုက်ခံပြီးတဲ့ ကွန်ပျူတာကို အချိန်ပေးနိုင်တာနဲ့ ၀င်းဒိုး ပြန်တင်ဖို့ တိုက်တွန်းပါတယ်။

My Computer ဖွင့် Tools - Folder Options - View မှာ Show Hidden Files and Folder ကို check ပေးပြီး Hidden ဖိုင်တွေကို ဖော်လိုက်ပါ။

G talk virus အသစ်ကို သတ်ကြရအောင်... F_200811

၂။ Chrome.exe တွေကို ဖျတ်မယ်။ နှစ်နေရာမှာ အရင်ဖြတ်ပေးရမယ်။ အရင်ဆုံး C:\Windows ထဲမှာ Chrome.exe ဆိုတာကို ရှာပါ။ Folder icon နဲ့ ဖြစ်နေလိမ့်မယ်။ ( C မှာ windows တင်ထားတဲ့ လူတွေအတွက် ရည်ရွယ်ပြောတာပါ၊)

G talk virus အသစ်ကို သတ်ကြရအောင်... F_200812


အဲဒီ ဖိုင်က အခု အလုပ်လုပ်နေတဲ့ ဖိုင် ဖြစ်တဲ့အတွက် delete နှိပ်ဖျတ်လို့ မရပါဘူး။ (တစ်ခြို့ စက်မှာတော့ ဖျတ်လို့ရတယ်ဗျ။ ဗိုင်းရပ်ချင်းတူပေမယ့် တစ်ခါတစ်လေ သက်ရောက်မှုမတူပါဘူး။ ၀င်းဒိုးပေါ်လည်း မူတည်ပါတယ်။) အဲဒီ process ကို ရပ်ပေးဖို့အတွက် ဒီတိုင်း ဖျတ်လို့မရတဲ့စက်မှာ Unlocker သုံးပြီး ဖျတ်ရပါတယ်။ မရှိရင် ဒီမှာယူပါ ။ Unlocker run ပြီးရင် chrome.exe မှာ R-Click လုပ် unlocker ကို နှိပ်ပါ။

G talk virus အသစ်ကို သတ်ကြရအောင်... F_200813

ပေါ်လာတဲ့ pop-up လေးမှာ Delete ကို ရွေးပြီး Ok ပေးလိုက်ပါ။

G talk virus အသစ်ကို သတ်ကြရအောင်... F_200814


နောက်တစ်နေရာ အနေနဲ့ System32 ထဲမှာ chrome.exe ကို ရှာပါ။ C:\Windows\System32 မှာ ဖြစ်ပါတယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_200815


ခုနက အတိုင်းပဲ right click, Unlocker နှိပ်ပြီး Delete လုပ်ပေးပါ။ တကယ်လို့ ချက်ခြင်း မဖျတ်ပေးနိုင်ဘူးဆိုရင် အောက်ပါအတိုင်းပေါ်ပါတယ်။ နောက်တစ်ခါ ၀င်းဒိုး ပြန်တက်တာနဲ့ ဖျတ်ပြီးသား ဖြစ်နေပါလိမ့်မယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_200816


နောက်တစ်ခုက အဲဒီ System32 ထဲကပဲ autorun.ini ဖြစ်ပါတယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_200817


အဲဒါကို D-Click နဲ့ ဖွင့်ကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါမယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_200818


အဲဒီ autorun ကိုလည်း ဖျတ်ပေးပါ။


၃။ အခြား Drive တွေ ထဲကပါ ဖျတ်ပေးပါ။ ဒီ့အတွက် Winrar ကို သုံးလိုက်ပါတယ်။ မရှိရင် ဒီမှာယူပါ။ Run ပြီးရင် All programs ထဲက Winrar ကို ရှာပြီး ဖွင့်ပါ။

G talk virus အသစ်ကို သတ်ကြရအောင်... F_200811


winrar ရဲ့ Address bar မှာ D:\ လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် အောက်ပါအတိုင်း ဖိုင်သုံးဖိုင်ကို မြင်ရပါမယ်။
Chrome.exe, New Folder.exe, autorun.inf

အဲဒီ သုံးဖိုင်ကို ဖျတ်ပေးပါ။ အခြားသော Drive များကိုလည်း မိမိ partitions ခွဲထားသမျှ လိုက်ဖျတ်ပေးပါ။ ကျနော်ဆို ၆ ပိုင်းခွဲထားလို့ D:\ ကနေ H:\ ထိ ဖျတ်ပေးရပါတယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_200812


၎။ နောက်တစ်ခုက Start up ဖြစ်ပါတယ်။ Run မှာ msconfig လို့ ရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ System Configuration Utility ရဲ့ Start up မှာ အောက်မှာ ပြထားတဲ့အတိုင်း Disable All ပေးလိုက်ပါ။

G talk virus အသစ်ကို သတ်ကြရအောင်... F_200819


ပြီးရင် Ok နှိပ်ပြီး Restart ပေးလိုက်ပါ။

G talk virus အသစ်ကို သတ်ကြရအောင်... F_200820



၅။ ၀င်းဒိုးပြန်တက်လာတာနဲ့ အောက်ပါအတိုင်း Alert ပေါ်ပါလိမ့်မယ်။ (Run မှာ chrome.exe လို့ ရိုက်ရှာလို့ system32 ထဲမှာ မရှိတော့တဲ့အတွက် ပေါ်တဲ့ Alert ပဲဖြစ်ပါတယ်။)

G talk virus အသစ်ကို သတ်ကြရအောင်... F_alet10


အဲဒါကို ဖျတ်ဖို့အတွက် Run မှာ regedit လို့ ရိုက်ပြီး Registry Editor ကို ၀င်လိုက်ပါ။ အောက်ပါ D-Tree အတိုင်း ရှာပေးပါ။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon

Winlogon ကို နှိပ်ပြီး ညာဘက်မှာ shell ဆိုတာကို ရှာပေးပါ။ အောက်ပါအတိုင်း တွေ့ပါလိမ့်မယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_200813


အဲဒါလေးကို ဖျတ်လိုက်ပါ။ နောက်တစ်ခါ windows တက်ရင် မပေါ်တော့ပါဘူး။

၆။ နောက်တစ်ခုက Drive တိုင်းမှာ ပိုနေတဲ့ folder နှစ်ခု တွေ့ပါလိမ့်မယ်။ System Volume Information နဲ့ RECYCLER ဖြစ်ပါတယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_200821


အဲဒါကို ဖျောက်ဖို့အတွက် Tools - Folder Options - View မှာ Hide protected operating system files (Recommended) ကို check ပေးပါ။ (အောက်မှာ ပြထားတဲ့ အတိုင်း Hidden ဖိုင်တွေ ပထမဆုံးထဲက Show ပေးပြီးဖြစ်ပါတယ်)

G talk virus အသစ်ကို သတ်ကြရအောင်... F_200822


OK နှိပ်လိုက်တာနဲ့ ကျနော်ပြောတဲ့ folder နှစ်ခု ပျောက်သွားပါလိမ့်မယ်။
တစ်ခြို့ကွန်ပျူတာတွေမှာတော့ ကျနော်အရင်ပို့စ်မှာ ပြောထားတဲ့ အတိုင်း folder တိုင်းမှာ အဲဒီ folder နာမည်နဲ့ exe file type နဲ့ ထပ်ဝင်နေပါလိမ့်မယ်။ Delete နှိပ်ပြီး ဖျတ်ပေးလို့ရပါတယ်။

G talk virus အသစ်ကို သတ်ကြရအောင်... F_f20010


တကယ်လို့ အကုန်မဖျတ်မိပဲ အဲဒီ ဖိုင်ကို D-Click နဲ့ ထပ် run မိရင် ဗိုင်းရပ် ပြန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ် အတိုက်ခံပြီးတဲ့ ကွန်ပျူတာကို အချိန်ပေးနိုင်တာနဲ့ ၀င်းဒိုး ပြန်တင်ဖို့ တိုက်တွန်းပါတယ်။

ရေးသူ ကိုသံလုံ ကိုကျေးဇူးအထူးတင်ပါတယ်... အကျိုးရှိမယ့်ကြောင်းရာလေးတွေ သင့်သလိုပြန်လည်ဖြန့် ဝေသွားမှာပါ.......
Back to top Go down
https://moethagyar.forumotion.com
 
G talk virus အသစ်ကို သတ်ကြရအောင်...
Back to top 
Page 1 of 1
 Similar topics
-
» G talk အတွက် virus အသစ်
» G talk ကနေအခမဲ့ဖုန်းပြောရအောင်
» G talk account တွေကို တစ်ပြိုင်ထဲဖွင့်ထားပြီး chat ရအောင်

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: Internet နှင့် နည်းပညာဆိုင်ရာ :: Internet နှင့် Computer ဆိုင်ရာ :: Chating နှင့် ပက်သက်သမျှ-
Jump to: