moethgyar community club
Would you like to react to this message? Create an account in a few clicks or log in to continue.


ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeLatest imagesSearchRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeFri Jul 08, 2011 12:46 am by manawphyulay

May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  
CalendarCalendar

 

 တစ်ခါသုံး GSM ဖုန်းကာဒ်များ

Go down 
AuthorMessage
Admin
Admin
Admin
Admin


Number of posts : 65
Age : 48
Location : Singapore
Registration date : 2008-10-18

တစ်ခါသုံး GSM ဖုန်းကာဒ်များ Empty
PostSubject: တစ်ခါသုံး GSM ဖုန်းကာဒ်များ   တစ်ခါသုံး GSM ဖုန်းကာဒ်များ I_icon_minitimeMon Jan 12, 2009 8:54 pm

ကျွန်တော်လဲ ဒီသတင်းကိုတင်မယ် တင်မယ်နဲ့ မရေးဖြစ်ဖူးဖြစ်နေတယ် အခုတော့ သိရသလောက်ဖြန့် ဝေပေးလိုက်ပါတယ် သတင်းကနဲနဲလေးကြာသွားပြီဆိုတော့ သိသင့်သလောက်သိပြီးနေကြရောပေါ့ သတင်းက ဒီလိုဗျာ.....
ဒီဖင်ဘာလ ၁၃ရက်နေ့ ကစပြီး GSM တစ်ခါသုံး SIM card တွေကို FEC 10, FEC 20 တန်ဆိုပြီး စတင်ရောင်းချပေးလိုက်တာ ၀ယ်သူတွေကျိတ်ကျိတ်တိုးဆိုပဲ ကာဒ်အတွက်စရံပေးပြီးတောင် စောင့်ဝယ်နေကြတယ်(ဒါကအပြင်ဈေးကွက်မှာ)
တရားဝင်ဖြန့် ဖြူးပေးတာက ရန်ကုန်မှာ သတ်မှတ်ထားတာ ၃ဆိုင်ပဲရှိတယ် အဲဒီနေရာတွေမှာ ၀ယ်မယ်ဆိုရင်တော့ FEC နဲ့ သတ်မှတ်ထားတဲ့ နှုန်းအတိုင်း မှတ်ပုံတင်တစ်စောင် ကို တစ်ကာဒ်နှုန်း နှင့် တန်းစီစနစ် နှင့် ၀ယ်ယူနိုင်ပါတယ် ဒါပေမယ် တစ်နေ့ ကိုအရေအတွက် အကန့် အသတ်နဲ့ ရောင်တာဆိုတော့ မိမိအလှည့်မှာ ကုန်သွားခဲ့ရင်တော့ ပြန်ပေတော့ မစဉ်းစားနဲ့ ပေါ့ဗျာ အရေတွက် ကန့် သတ်ချက်ကတော့ ပုံသေမရှိဘူးလို့ သိရပါတယ်... အဲဒီလိုအကြောင်းကြောင်း တွေကြောင့် ပြင်ပဈေးကွက်ကြီးတစ်ခု ဖြစ်ထွန်းလာပါတယ် အဲဒီပြင်ပဈေးကွက်ထဲမှာ ပါဝင်စီးမျော နေသူတစ်ဦး ကအခုလို ပြောပါတယ် "ကျွန်တော်က ဒေါ်လာ FEC ၀ယ်ရောင်းလုပ်ပါတယ် အခုတစ်လောမှာ စီးပွားရေးတွေအကုန်ကျတဲ့အတွက် ငွေဈေးတွေထိုးကျပြီး အလုပ်ကပါးတော့ လက်ထဲမှာ ရှိတဲ့ FEC တွေကို ဖုန်းကာဒ်ဖက် လှည့်ပြီး ငွေကစားရတယ် ကျွန်တော်တို့ အလုပ်လုပ်တာကတော့ ရှင်းပါတယ် တရားဝင်ဖြန့် ဖြူးပေးတဲ့ဆိုင်တွေမှာ ကျွန်တော့လူတွေကိုလွှတ်ထားလိုက်တယ် သူတို့ ဘက်ကတော့ တစ်ယောက်ကို မှတ်ပုံတင် ၄ခုစီရှာထားပြီး တန်းစီထားပေါ့ ကျွန်တော်က FEC 80 စီပေးထားပြီး အပြင်မှာထိုင်စောင့်ရုံပဲ ပြီးရင် သူတို့ ဆီကဖုန်းကာဒ် ၄ခုစီယူပြီး တန်းစီခ တစ်ယောက် ကျပ်၁၅၀၀ စီပေးလိုက်ရင်ရပြီ။ သူတို့ လား..? ငွေယူပြီးမပြေးပါဘူး ယုံကြည်မှုနဲ့ လုပ်ကြတာ ဒါတစ်နေ့ ထဲအလုပ်မှမဟုတ်တာ... ကျွန်တော်က အပြင်ဖုန်းဆိုင်တွေမှာ FEC 20 တန် တစ်ကာဒ်ကို ကျပ်၃၀၀၀၀ ကနေ ၃၂၀၀၀ ထိပြန်ပေးတယ် သူတို့ ကတော့ ကျပ်၃၅၀၀၀ နဲ့ အထက်ပြန်ရောင်းကြတယ် ဈေးအတက်အကျ က ဈေးကွက်ထဲမှာပစ္စည်းနဲ များပေါ်မူတည်တယ်.... FEC 20 တန်ကာဒ်တွေပဲ များသောအားဖြင့် အလုပ်ဖြစ်တယ်။ ၂၀ တန်က ကာဒ်ကို ဖုန်းထဲစိုက်လိုက်ပြီဆိုတာနဲ့  တစ်လ သက်တမ်းရှိတယ် ၁၀တန် ကတော့ ၂ပတ်ဆိုတော့ သက်တန်းတိုလို့ သိပ်အလုပ်မဖြစ်ဘူး ၂၀တန် က တောက်လျှောက် ပြောမယ်ဆိုရင် ၁နာရီရတယ် ၁၀တန်ကတော့ မိနစ်၃၀ပေါ့ဗျာ ကုန်သွားပြီးဆိုရင်တော့ SIM card ကိုလွှင့်သာပစ်လိုက်ပြီး နောက်တစ်ကာဒ်ဝယ်ပြီးနောက်နံပါတ်တစ်ခုနဲ့ ပြောပေါ့ဗျာ" လို့ ရှင်းပြသွားပါတယ်.....
ဘာပဲဖြစ်ဖြစ်ပေါ့လေ hand phone အရမ်းအရမ်းကို သုံးချင်နေတဲ့လူတွေအတွက်ကတော့ Hand set တစ်ခုဝယ်ပြီး FEC 20 တန်ကာဒ်တစ်ခု ထည့်ထားလိုက်ရင် တစ်လလောက်ကတော့ လန်းပေတော့ဗျို့  ဘာပဲဖြစ်ဖြစ်လန်းဖို့ က အရေးကြီးတယ်မဟုတ်လား ဟဲ...ဟဲ... Admim လဲ ခွင့်ပြန်တုန်း ဒီမှာတစ်လလောက်လန်း လိုက်ဦးမယ်ဗျို့  .......

တစ်ခါသုံး GSM ဖုန်းကာဒ်များ Img_1010 တစ်ခါသုံး GSM ဖုန်းကာဒ်များ Img_1011 တစ်ခါသုံး GSM ဖုန်းကာဒ်များ Img_1012 တစ်ခါသုံး GSM ဖုန်းကာဒ်များ Img_1013


နောက်ဆက်တွဲ သတင်းအနေနဲ့ ကတော့ နောက်ပိုင်းကာလများတွင် အလားတူ SIM card များကို နံပါတ်တစ်ခု ပုံသေရနိုင်ပြီး Top up စနစ်သို့ ပြောင်းလဲလာမည်ဟု အတည်မပြုနိုင်သော သတင်းများထွက်ပေါ်လာသည်။ ယခု GSM ဖုန်းဈေးနှုန်းမှာ ၁၈သိန်း ၀န်းကျင်ထိပြုတ်ကျသွားခဲ့သော်လည်း အရောင်းအ၀ယ်မဖြစ်ပါ....
Back to top Go down
https://moethagyar.forumotion.com
 
တစ်ခါသုံး GSM ဖုန်းကာဒ်များ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: International News :: နိုင်ငံတစ်ကာ မှစုဆောင်းမိသမျှ သတင်းများ :: မြန်မာ့သတင်းများ-
Jump to: