moethgyar community club
Would you like to react to this message? Create an account in a few clicks or log in to continue.


ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeLatest imagesSearchRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeFri Jul 08, 2011 12:46 am by manawphyulay

May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  
CalendarCalendar

 

 ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း

Go down 
AuthorMessage
Admin
Admin
Admin
Admin


Number of posts : 65
Age : 48
Location : Singapore
Registration date : 2008-10-18

ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း Empty
PostSubject: ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း   ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း I_icon_minitimeSat Jan 17, 2009 11:45 pm

လောလောဆယ်ကျွန်တော် ရန်ကုန်ပြန်ရောက်နေလို့  Post တွေ မတင်ဖြစ်တာတောင် ကြာသွားတယ်... ဒီမှာကတော့ ဘာမှကြီးကြီးမားမား ပြောင်းလဲသွားတာမတွေ့ ရဘူး အားလုံး အရင်တိုင်းနီးပါးပါပဲ။ ပြောင်းလဲသွားတာဆိုလို့  အထူးBus တွေပေါ်လာတယ် အချို့ က LCD TV လေးတွေတပ်ထားတယ် အချို့ တော့မတပ်ထားဘူး ဒါပေမယ့် ယာဉ်စီးခကတော့ တူတူပဲ ဘယ်စီးစီး ၂၀၀ကျပ် မတ်တပ်ရပ်မတင်တော့ ခရီးသည်တွေ သက်တောင့်သက်သာ သွားရတယ် ပိုပြီးမြန်ဆန်လာတယ်(မှတ်တိုင်လူမစောင့်လို့ )၊ ကျွန်တော်ရှမ်းပြည်ဘက် ခရီးသွားခဲ့သေးတယ် ဟိုင်းဝေးလမ်းတွေ တော်တော်ကြီးကိုကောင်းသွားတာ ၀မ်းသာဖွယ်ရာတွေ ခဲ့ရတယ် နောက်ပြီး လမ်းထမင်းဆိုင်တွေကလည်း အဆင့်ပိုမြင့်လာပြီး ကျန်းမာရေးအတွက် Toilet တွေက အစသန့် ပြန့် ပြီး(ကျွန်တော်တို့ ကားရပ်တဲ့နေရာကပဲ ကောင်းတာလားတော့မသိပါ) အရင်တုန်းကနဲ့ တော်တော်ကွာခြားသွားတဲ့ အတွက် တိုးတက်လာတယ်လို့ ပြောရင်ရနိုင်ပါတယ်။
အရင်အတိုင်းကတော့ လျှပ်စစ်မီးနေ့ တိုင်းပျက်မြဲပါ၊ ဖုန်ထူနေဆဲပါ။ ပိုဆိုးလာတာကတော့ တစ်ချို့ ကုန်ပစ္စည်းဈေးနှုန်းတွေက စင်ကာပူဈေးနှုန်းနီးပါး ပါ၊ ၁၀၀ကျပ်တန်ဟာ အခုဆိုရင် အကြွေလို့ ဆိုကြပါတယ် ဘာဝယ်ဝယ် အနည်းဆုံး ၂၀၀ကျပ်ဖိုး ပဲ ရောင်းပါတယ်(ကျွန်တော့် ပတ်ဝန်းကျင်ရန်ကုန် မြို့ လယ်ခေါင်မှာပဲလားတော့မသိပါ)။ နောက်...လူတွေအလွန်စည်းကမ်းပျက်လာပါတယ် လမ်းလည်ခေါင်မှာ ပေါ်တင် ကွမ်းသွေးထွေးပါတယ်၊ ပလပ်ဖောင်းချေချစရာမရှိအောင် ဈေးတက်ရောင်းပါတယ် တစ်ခုခုဆို ရိပ်မယ် လှီးမယ် ဆိုတာကြီးပါပဲ၊ ရန်ကုန်မြို့ လယ်တွင်လုံချည်ဝတ်မိန်းကလေးတွေ ရှားပါးပစ္စည်းဖြစ်နေပါပြီ ဒါလဲတစ်မျိုးတော့ ကောင်းပါတယ် Hand phone ကတော့ လက်သမားတောင် ခါးကြားထိုးထားပြီး လွှဆွဲနေပါပြီ(ကိုယ်တွေ့ ပါ)။ Internet cafe တွေ မှိုလိုပေါက်ကုန်တော့ အခုဆို (မီးပျက်/မီးလာ ၄၀၀)ဆိုတဲ့ ဆိုင်းဘုတ်တွေ ဆိုင်းတိုင်းရှေ့ မှာချိပ်ထားပါတယ်။ လူငယ်တိုင်းနီးပါး chat နေကြပါပြီ(ကောင်းပါတယ် ကြိုဆိုပါတယ်)၊ Online ကနေပြီး ကျောင်းတွေရှာတဲ့သူကရှာ စပွန်ဇာ ရှာတဲ့သူကရှာပေါဗျာ...ဟဲ..ဟဲ.. ဘာတွေပဲရှာရှာ ဘာတွေပဲလုပ်လုပ် connection ကတော့အမြဲ Down ပါတယ်။
လူတွေဟာ အခုဆိုရင် အလွှာကြီးမားစွာ ကွာဟမှုကိုတွေ့ မြင်နေရပါတယ် ချမ်းသာတဲ့ လူတွေက သိန်းရာထောင်ချီကိုင်ပြီး စီးပွားရေး အကွက်အကွင်းနေရာများ ကိုဝင်ရောက် လုပ်ကိုင်လာတဲ့အတွက် ဟိုး..အရင်ထဲက ပုံမှန်စီးပွားရေး အနေနဲ့ လုပ်ကိုင်ကြသူများမှာ တဖြည်းဖြည်း ဈေးကွက်အပြင်ဘက်ရောက်မှန်းမသွရောက် သွားပြီး တစ်ချို့  စီးပွားဖြုတ်ပစ်ရတဲ့ အထိ ဖြစ်ကြပါတယ်၊ သိသာထင်ရှားစေတာကတော့ လ္ဘက်ရည်ဆိုင်ငယ်များပဲ ဖြစ်ပါတယ် အလုံးရင်းနဲ့ ဝင်ရောက်လာတဲ့ OneStop လ္ဘက်ရည်ဆိုင်ကြီးတွေက နေရာတိုင်းမှာ ဆိုင်ခွဲတွေဖွင့်ပြီး ဈေးကွက်သိမ်းယူမှုတွေ ဖြစ်နေပါတယ် အရင်က အင်အားကြီးတဲ့ Lucky One လို ဆိုင်မျိုးတောင် မရှိတော့လောက်အောင် ရှားရှားပါးပါး တစ်ဆိုင်သာတွေ့ ရပါတော့တယ်(မြို့ လည်ခေါင်) အခုနေရာတိုင်းမှာ တွေ့ နေရတာ ကတော့ ကဋေကြွယ်ကဖီး ပါ။
အိမ်၊ခြံ၊မြေ၊ကား၊ဖုန်း၊ဒေါ်လာ ဈေးကွက် အားလုံးပြုတ်ကျပြီး အရောင်းအ၀ယ်များလည်း မရှိသလောက် ငြိမ်နေပါတယ်။ ရာသီဥတုကတော့ အခု Jan လလယ်လောက်မှစပြီးနဲနဲ အေးလာပါတယ် ဒါပေမယ့် ဒီထက်တော့ပိုမအေးတော့ဘူးလို့ ပြောကြပါတယ်.... လူတော်တော်များများ ချောင်းဆိုးနေကြပါတယ် ထူးခြားမှုများရှိရင် ထပ်ပြီးဝေငှပါ့မယ် အားလုံး အားလုံး အေးဆေးပါ..... Laughing Laughing Laughing
Back to top Go down
https://moethagyar.forumotion.com
 
ရန်ကုန်အကြောင်း တစ်စေ့တစ်စောင်း
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: International News :: နိုင်ငံတစ်ကာ မှစုဆောင်းမိသမျှ သတင်းများ :: မြန်မာ့သတင်းများ-
Jump to: