moethgyar community club
Would you like to react to this message? Create an account in a few clicks or log in to continue.


ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeLatest imagesSearchRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeFri Jul 08, 2011 12:46 am by manawphyulay

May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  
CalendarCalendar

 

 S pass လျှောက်ထားသူများ သတိပြုပါ

Go down 
AuthorMessage
Admin
Admin
Admin
Admin


Number of posts : 65
Age : 48
Location : Singapore
Registration date : 2008-10-18

S pass လျှောက်ထားသူများ သတိပြုပါ Empty
PostSubject: S pass လျှောက်ထားသူများ သတိပြုပါ   S pass လျှောက်ထားသူများ သတိပြုပါ I_icon_minitimeSat Oct 18, 2008 11:26 pm

စင်ကာပူနိုင်ငံမှာ S pass(skill Pass) နဲ့အလုပ်လုပ်မယ့်သူတွေအနေနဲ့ S pass နဲ့ အလုပ်မလုပ်ခင်
သိသင့်သိထိုက်တာတွေကို လေ့လာစုံစမ်းသွားသင့်ပါတယ်။ S pass လျှောက်တဲ့အခါမရနိုင်တဲ့
အကြောင်းအရာအမျိုးမျိုးရှိတယ်ပါတယ်။ကိုယ်အလုပ်လျှောက်တဲ့ Company မှာ S pass ခွဲတမ်း
ပြည့်သွားရင် S pass တင်တဲ့အခါ မကျနိုင်ပါဘူး။ S pass လိမ်လျှောက်ထားလို့အရေးယူခံထားရတဲ့
Company မှာအလုပ်လျှောက်မိရင်လဲ Reject ပါ။ တစ်ချို့ Companyသူဌေးက ဘဏ်ချေးငွေယူထားပြီး
ချေးငွေမှန်မှန်ပြန်မဆပ်နိုင်ရင်လဲ S pass လျှောက်တဲ့အခါ အဆင်မပြေဖို့ များပါတယ်။
ှS pass နဲ့ အလုပ်လုပ်ခွင့်ရရင် တစ်လ စင်ကာပူ ၁၈၀၀ လစာပြည့် Company က ပေးရပါတယ်။
တစ်ချို့က တစ်လဒေါ်လာ ၈၀၀၊ ၁၀၀၀၊ ၁၂၀၀ နဲ့အလုပ်ခန့် ပြီး စင်ကာပူ MOM(Ministry Of Manpower)
ကိုအလုပ်ခန့် တဲ့ Company ကလစာပြည့် ၁၈၀၀ ပေးတယ်ဆိုပြီး လိမ်လျှောက်တာတွေတော်တော်များများ
ရှိပါတယ်။ စင်ကာပူမှာ လစာပေးရင် ဘဏ်ထဲကိုထည့်ပေးရတဲ့အတွက် ကိုယ့်ဘဏ်ထဲကိုတော့ လစာပြည့်
၁၈၀၀ ၀င်ပါတယ် ဒါပေမယ့် နဂိုညိုနှိုင်းထားသောလစာထက် ပိုတာကို Company ကိုပြန်လည်ပေးကြ
ရပါတယ်။ လစာကသာ အပြည့်မရတာ အခွန်ကိုတော့ ၁၈၀၀နှုန်း ပေါ်မှာဆောင်ကြရတဲ့အတွက် အရမ်းနစ်နာကြပါတယ် ဒါကြောင့် ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်းကိုတတ်နိုင်သရွေ့  စုံစမ်းထားသင့်ပါတယ်။
စင်ကာပူမှာနိုင်ငံခြားအလုပ်သမားကို အလုပ်ခန့်ရင် အလုပ်ရှင်က စင်ကာပူအစိုးရကို levy (အခွန်စည်းကြပ်ငွေ)ပေးရပါတယ်။ တစ်ချို့အလုပ်ရှင်များက အလုပ်သမားဆီကဖြတ်ယူထားတာမျိုး၊ အလုပ်သမားကို ပေးခိုင်းတာမျိုးတွေရှိတတ်ပါတယ် ဒါကြောင့် Interview ၀င်စဉ်ကထဲက ရှင်းလင်းအောင်
မေးမြန်းညိုနှိုင်းထားသင့်ပါတယ်။
စင်ကာပူမှာနိုင်ငံခြားသားတွေကို ပညာရှင်အဆင့်ဖြင့် အလုပ်ခန့် တဲ့ အခါအလုပ်လုပ်ခွင့် E.P(Employment Pass) နဲ့ အလုပ်လုပ်ခွင့်ပေးပါတယ်။ E.P မှာ အမျိုးစား(၄)မျိုးထပ်ခွဲထားပါသေးတယ်။
တစ်လကို စင်ကာပူဒေါ်လာ ၁၀,၀၀၀ နဲ့အလုပ်လုပ်ခွင့်ရသူကို P1,တစ်လကို ဒေါ်လာ ရ၀၀၀ နဲ့ အလုပ်
လုပ်ခွင့်ရသူကို P2, တစ်လ ဒေါ်လာ ၃၅၀၀ နဲ့အလုပ်လုပ်ခွင့်ရသူကို Q1,တစ်လ ဒေါ်လာ ၂၅၀၀ နဲ့ 
အလုပ်လုပ်ခွင့်ရသူကို Q2, ဆိုပြီးခွဲခြားထားပါတယ်။ P1 သမားကတော့နှစ်ဖက်မိဘ(မိဘ+ယောက္ခမ)
လိုက်နေလို့ ရပါတယ်။ P2 သမားကတော့ မိဘလိုက်နေခွင့်ရှိတယ်။ Q1 က ကိုယ့်ရဲ့မိသားစုလိုက်နေခွင့်
ရှိတယ်။ Q2 ကတော့ကိုယ်တစ်ယောက်ထဲပဲနေလို့ ရပါတယ်။
အဲသည်လေးမျိုးအလုပ်သမားငှါးဖို့ တစ်ချို့Company တွေအခက်ခဲဖြစ် ကြတဲ့အတွက် ပြေလည်အောင်
Q2 ရဲ့အောက်က S pass အလုပ်လုပ်ခွင့်အသစ်ကို ၂၀၀၄ဇူလိုင်လမှစတင်ခဲ့တာပါ။
S pass နဲ့အလုပ်လုပ်ခွင့်ရသူကို အနည်းဆုံး လစာ စင်ကာပူ ၁၈၀၀ သတ်မှတ်ထားပါတယ်။ S pass လျှောက်
ထားသူအနေနဲ့ သူတို့လက်ခံနိုင်တဲ့အရည်ချင်းရှိရမယ်၊ သူတို့နိုင်ငံမှာဘွဲ့မရထားသော်လည်း သက်ဆိုင်တဲ့
လုပ်ငန်အတွေ့ကြုံ လုံလုံလောက်လောက်ရှိမယ်ဆိုရင်လျှောက်ထားနိုင်ပါတယ်။
ယခင်က Company တစ်ခုကို S pass ခွဲတမ်း(quota) ၅% ပေးထားရာမှ ၂၀၀၇ ဇွန်လကစပြီး ၁၅% ထိတိုးမြှင့်လာပါတယ်။S pass ခွဲတမ်းတိုးမြှင့်လာတဲ့အတွက် နိုင်ငံခြားသားများအလုပ်လုပ်ကိုင်ခွင့်
ပိုမိုရရှိလာပြီး စင်ကာပူနိုင်ငံသားတွေ အလုပ်ရှာရတာခက်ခဲမှုတွေရှိလာပါတယ်။ စင်ကာပူအစိုးရကလည်း
ခုနောက်ပိုင်း S pass နဲ့လစာအပြည့်မပေးတဲ့ Company တွေကိုစီစစ်မှုတွေပြုလုပ်လာပါပြီ။

စင်ကာပူမှာအလုပ်လာရှာကြတဲ့ ရွှေမြန်မာတွေ ထိုက်တန်သောလစာနဲ့
ကောင်းမွန်သောအလုပ်တွေရရှိကြပါစေဗျား ...

မော်ဒန်ဂျာနယ် မှသတင်းအားပြန်လည်ကိုးကားသည်..
မိုးသိကြား

Smile Smile Smile
Back to top Go down
https://moethagyar.forumotion.com
 
S pass လျှောက်ထားသူများ သတိပြုပါ
Back to top 
Page 1 of 1
 Similar topics
-
» Employment Pass တင်ရန်
» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: Job News :: နိုင်ငံတစ်ကာ အလုပ်အကိုင်များအကြောင်း :: စင်ကာပူအလုပ်အကိုင်-
Jump to: