moethgyar community club
Would you like to react to this message? Create an account in a few clicks or log in to continue.


ရွှေမြန်မာများ ဆုံဆည်းနိုင်စေဖို့ 
 
HomeLatest imagesSearchRegisterLog in
Search
 
 

Display results as :
 
Rechercher Advanced Search
Latest topics
» ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ရရှိသည့် စင်္ကာပူအလုပ်အကိုင်
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 4:16 am by manawphyulay

» အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ၀က်ဘ်ဆိုက်တစ်ခု ပိုင်ဆိုင်စို့
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 3:27 am by manawphyulay

» SINGAPORE S-PASS အလုပ် လုပ်ချင်သူများအတွက်
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 2:24 am by manawphyulay

» ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ အလုပ်အကိုင်အခွင့်အလမ်းများ
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 2:11 am by manawphyulay

» Welcome to Moethagyar Club
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 1:47 am by manawphyulay

» ဘယ်သူနဲ့ ပြိုင်ချင်သလဲ
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 1:36 am by manawphyulay

»ျွန်တော်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 1:21 am by manawphyulay

» နောက်တကြိမ် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမွေးမြူကြမလဲ
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 1:20 am by manawphyulay

» အလုပ်ကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများ
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeFri Jul 08, 2011 12:46 am by manawphyulay

November 2024
MonTueWedThuFriSatSun
    123
45678910
11121314151617
18192021222324
252627282930 
CalendarCalendar

 

 နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု

Go down 
AuthorMessage
beautycheaser
Profession
Profession
beautycheaser


Number of posts : 15
Registration date : 2008-10-21

နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု Empty
PostSubject: နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု   နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု I_icon_minitimeSun Feb 01, 2009 10:40 pm

လူမျိုးတိုင်းမှာယဉ်ကျေးမှု အနည်းဆုံးတော့တစ်ခုစီရှိကြတာပါပဲ အဲဒီလိုပဲအစဉ်အလာ ဆိုတာတွေလဲ ရှိကြတယ် အစဉ်အလာဆိုတာကတော့ ရှေ့ ကလူတွေက ယဉ်ကျေးမှုအပေါ် အခြေခံပြီး တီထွင်ပြုလုပ်သွားကြတော့ နှောင်းလူတွေကလည်း ဒါလုပ်မယ်ဆိုရင်တော့ ဒီဟာလေးတော့ပါရတယ် ဆိုပြီးတောက်လျှောက်လက်ခံပြုလုပ်လာကြခြင်းကို ဆိုလိုတာပါ အရှင်းဆုံး ဥပမာပြရရင် မုန့် ဟင်းခါးစားပြီးရင် မုန့် ဟင်းရည် အဆစ်တောင်းသောက်တာဟာ အစဉ်အလာပါ၊ ရောင်းတဲ့သူကလည်းစိတ်မဆိုးဘူး တောင်းတဲ့လူကလဲ ရှက်ကြောက်မနေဘူး နှစ်ဦးနှစ်ဖက် အဆင်ပြေပြေနဲ့ လက်ခံကျင့်သုံးလာတဲ့ အစဉ်အလာ(ထုံးစံ) တစ်ခုပါပဲ ဒီအစဉ်အလာ ကိုမည်သူက တီထွင်သွားပြီး မည့်သည့်အချိန်ကထဲက စတင်ကျင့်သုံးခဲ့ကြတယ် ဆိုတာ မည်သူမှ မပြောနိုင်ကြဘူး (ပညာရှင်တွေ စာတန်းပြုစုဖို့ ကောင်းတယ်နော) ဘာပဲဖြစဖြစ် ခုထိတော့ လက်ခံပြုလုပ်နေကြတုန်းပါပဲ...... အဲ..ဒီလိုပဲ ရုပ်ရှင်မှာလည်း လူမျိုးခြားအလိုက် မရိုးနိုင်သော အစဉ်လာအစွဲလေးတွေကို တင်ပြလိုက်ပါတယ် ရယ်စရာလဲနည်းနည်းတော့ကောင်းပါတယ်......ပျော်ရတာပေါ့  .... Very Happy

ကုလားကား

* မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင် နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့ အခါမှာတော့ နာကျင်ပြီး တွန့်သွားတတ်ပါတယ်။

* မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ"က"ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။

* မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။

* မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက် (ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။

* ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့ အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊ ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊ တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့် ဖော်ထုတ်သိရှိသွားတတ်ပါတယ်။

* ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့ "No Problem", "My God!", "Get Out!", "Shut Up!", "Impossible" နဲ့ "Please forgive me!" တို့ဖြစ်ပါတယ်။

* မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။

* သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊ အ၀တ်အစားလဲခြင်းများကို တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။



တရုတ်သိုင်းကား

* မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။

* ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး သူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။

* သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ်မှာ အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။ ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာပါတယ်။

* မင်းသားသူရဲကောင်းတွေဟာ ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့် ၀ယ်စားတဲ့ အစားအစာတွေအတွက် ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။

* တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။

* အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။ တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။

* သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။
Back to top Go down
 
နိုင်ငံတစ်ကာ ရှပ်ရှင်ကားယဉ်ကျေးမှု
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
moethgyar community club :: Entertainments :: ရုပ်ရှင်၊ ဂီတ အကြောင်းများ.... :: နိုင်ငံတစ်ကာ ရုပ်ရှင်-
Jump to: