ခြေတစ်စုံလုံးကို
သံယောဇဉ်နဲ့ သိုင်းခြုံထားရုံသာမက
တစ်ကိုယ်လုံးရဲ့ အဖိအစီးကို
ပါးလှပ်စုတ်ပြတ်သည်အထိ
ထွေးပတ်ပေးဆပ်နေမိသူ
ခါမထုတ်လိုက်ပါနဲ့
ကဗျာတစ်ပုဒ်ဖွဲ့ဖို့ တွယ်ကပ်နေတာမဟုတ်ဘူး
သိုင်းဖက်ထားတာ
ခရီးအဆုံးထိ အတူလိုက်ခဲ့ဖို့ပါကွာ
ဖိနင်းစေချင်လွန်းလို့
ကြိုးကိုခိုင်ခိုင်ချည်ထားခဲ့သူပါ ။ ။